
အင်္ဂပူ မြို့နယ်၊ ပန်းတင်အုပ်စု၊ရေလဲအောက်စုရွာတွင်(၃-၅-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သောအိမ်ခြေ(၁)လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၊ စုစုပေါင်းအိမ်ေ ခြ(၂)လုံး၊ အိမ်ထာင်စု(၂)စုရှိ လူဦးရေ(၇)ဦးတို့အတွက်(၃၂,၃၅၃)ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)အိမ်ထောင်စုစာကိုလည်းကောင်း၊ (၁၈,၅၁၀)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုး(၁၃၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၄,၇၀၀)ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၄၄,၇၀၀)ကျပ်ကိုလည်းကောင်း၊ care myanmar ပိုက်ဖျာ(၂)ချပ်ကိုလည်းကောင်း(၆-၅-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)