လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတမြို့) တွင် (၆-၅-၂၀၁၉) ရက်နေ့၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေ အမှတ်-၁ (ဟင်္သာတမြို့) မှ ဦးကျော်စိုး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ ဟင်္သာတနည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ သင်တန်းသား/သူ (၉၂) ဦး စုစုပေါင်း (၁၃၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ စုစည်းညီညွတ်သော လူမှုလှုပ်ရှားမှုကွန်ရက်၊ ကလေးမြို့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ သင်တန်းသားအဖြစ် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၂) ရက်ဖြစ်ကြာင်း သတင်းရရှိပါသည်။
#ar
#ayy_may2019
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ)