Category Archives: News
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် ထီးပုကျေးရွာအုပ်စု၊ မှန်တောကျေးရွာရှိ အိမ်ထောင်စု (၉၅) စုမှ လူဦးရေ (၄၅၇) ဦးတို့အား သောက်သုံးရေဂါလံစုစုပေါင်း (၁,၆၀၀) ကို ညောင်ဦးမြို့နယ် ပုဂံမီးသတ်တပ်ဖွဲ့၊ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၆)စု တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁၂)လုံးနှင့် အမိုးလန်နေအိမ်(၁၁၁)လုံး၊ ဘာသာရေးကျောင်း(၂)ကျောင်းတို့ အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၈၇,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင် စု(၁၂)စုရှိ လူဦးရေ(၅၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၃၉၂,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးအပါ) (၁၂) အိမ်ထောင်စာအား (၇-၅-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီ အချိန် တွင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာ … Read more
-
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညိုနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
(၆-၅-၂၀၁၉) ရက်နေ့တွင် လူမှုရေး၊ပညာရေး၊ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးညှိနှိုင်းအစည်းအဝေးကို ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနမှလက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဖျာပုံခရိုင်၊ မြို့နယ် (၄) မြို့နယ်အတွင်းရှိ ဌာနအလိုက်လုပ်ငန်းများကို ကော်မတီအဖွဲ့များက ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
(၇.၅.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁:၃၀)နာရီမှ(၁၂:၃၀)နာရီထိ ချောင်းဆုံမြို့၊ ဇီးကုန်းကျေးရွာ၊ မူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လူထု(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် မိုးကြိုးဘေးဖြစ်ပွားခဲ့သော ဇလွန်မြို့နယ်၊ ငြိမ်းအေးအုပ်စု၊ ငြိမ်းအေးကျေးရွာရှိ အသက်ဆုံးရှုံးခဲ့သူ (၁) ဦးအတွက် ကျန်ရစ်သူမိသားစုအား ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်ကို (၆-၅-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ တက်မ ကျေးရွာအုပ်စု၊ နှမကြည့်တဲတိုက်ရှိ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၂၅၀) ဦးတို့အတွက် သောက်သုံး ရေဂါလံ (၁၆၀၀) ကိုလည်းကောင်း၊ ထီးပုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ အိမ်ထောင်စု (၅၃) စု၊ လူဦးရေ (၂၆၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို လည်းကောင်း၊ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ပြည်သူများစီအရောက် … Read more
-
တောင်တွင်းကြီးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထာက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာ တွင် (၄-၅-၂၀၁၉)ရက်နေ့ (၉:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၅၀,၀၀၀)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၆-၅-၂၀၁၉)ရက်နေ့ (၁၁:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုုက်ခတ်မှုဖြစ်ပွားခဲ့သော သရက်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ထန်းရုံ ကျေးရွာရှိ အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၃၀၀/-) ကျပ်အား (၇-၅-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၈၅)၊ အိမ်ထောင်စု (၈၅)၊ လူဦးရေ(၄၄၅)ဦးခန့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေမှုအား တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ စေတနာ ရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) အား ကျေးရွာ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ ရေစကြိုမြို့နယ်၊ ရှင်မတောင် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ ကျောက်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာရှိ အိမ်ထောင်စု (၂၀၂) စု၊ လူဦးရေ (၉၇၂) ဦးတို့အတွက် ပုဂံမီးသတ်တပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သောက်သုံး ရေဂါလံ (၃၂၀၀) ကို ပြည်သူများစီအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_drg #mgy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)









