လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

7_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၆)စု တို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁၂)လုံးနှင့် အမိုးလန်နေအိမ်(၁၁၁)လုံး၊ ဘာသာရေးကျောင်း(၂)ကျောင်းတို့ အတွက် အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၈၇,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင် စု(၁၂)စုရှိ လူဦးရေ(၅၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၅,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၃၉၂,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးအပါ) (၁၂) အိမ်ထောင်စာအား (၇-၅-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီ အချိန် တွင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အုတ်ဖိုမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံး မှ တာဝန်ရှိသူများ၊ လက်ပံတန်းမြို့နယ်လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
 
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events