လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုုက်ခတ်မှုဖြစ်ပွားခဲ့သော သရက်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ထန်းရုံ ကျေးရွာရှိ အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၃၀၀/-) ကျပ်အား (၇-၅-၂၀၁၉) ရက်နေ့တွင်  သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events