သောက်သုံးရေဖြန့်ဝေမှုသတင်း

7_Pic_01 7_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ခွေးမြှုပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၈၅)၊ အိမ်ထောင်စု (၈၅)၊ လူဦးရေ(၄၄၅)ဦးခန့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေမှုအား တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ စေတနာ ရှင် ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ (၃၆၀၀) အား ကျေးရွာ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ကံပွင့် ရေအလှူတော် ယာဉ်အဖွဲ့ဖြင့် ပူးပေါင်း၍ သောက်သုံးရေ(၅)ဂါလံဆံ့ပုံးများဖြင့် ရေဂါလံ(၁၈၀၀)အား တောင်ပေါ် အရောက် ကူညီပို့ဆောင်ခဲ့ပါသည်၊၊
ဆက်လက်၍ မြိုင်မြို့နယ်၊ ဆိတ်ချေးကျေးရွာအုပ်စု၊ ဆိတ်ချေးကျေးရွာတွင် သောက်သုံးရေ ရှားပါမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၃၉၅)၊အိမ်ထောင်စု(၃၉၅)၊ လူဦးရေ(၁၇၀၀)ဦးကျော်ခန့် သောက်သုံးရေအခက်အခဲ ကြုံတွေ့နေမှုအား စိမ့်စမ်းရေ ဆန်ပွဲရုံ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးသန်းတို့နှင့်အတူ သောက်သုံးရေဂါလံ (၃၆၀၀)အား ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက် သွားရောက် ဖြန့်ဝေခဲ့ပါ သည်၊၊ (၆-၅-၂၀၁၉)ရက်နေ့အတွက် သောက်သုံးရေဖြန့်ဝေမှုမှာ ဂါလံပေါင်း (၉,၀၀၀)ဂါလံ ဖြစ်ပါ သည်၊၊

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events