လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ ကျောက်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာရှိ အိမ်ထောင်စု (၂၀၂) စု၊ လူဦးရေ (၉၇၂) ဦးတို့အတွက် ပုဂံမီးသတ်တပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သောက်သုံး ရေဂါလံ (၃၂၀၀) ကို ပြည်သူများစီအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_drg
#mgy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)