မိုးကြိုးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့တွင် မိုးကြိုးဘေးဖြစ်ပွားခဲ့သော ဇလွန်မြို့နယ်၊ ငြိမ်းအေးအုပ်စု၊ ငြိမ်းအေးကျေးရွာရှိ အသက်ဆုံးရှုံးခဲ့သူ (၁) ဦးအတွက် ကျန်ရစ်သူမိသားစုအား ကယ်ဆယ်ရေးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်ကို (၆-၅-၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_tls
#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events