လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ တက်မ ကျေးရွာအုပ်စု၊ နှမကြည့်တဲတိုက်ရှိ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၂၅၀) ဦးတို့အတွက် သောက်သုံး ရေဂါလံ (၁၆၀၀) ကိုလည်းကောင်း၊ ထီးပုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ အိမ်ထောင်စု (၅၃) စု၊ လူဦးရေ (၂၆၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို လည်းကောင်း၊ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ပြည်သူများစီအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)