Category Archives: News
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ငပိချောင်းကျေးရွာအုပ်စု၊ ငပိချောင်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုအား ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေဂါလံ(၁၀၀၀) ဂါလံအား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source – ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ အင်ကြင်းကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက် သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ကျင်းပဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုအား ကျေးရွာနေပြည်သူ အိမ်ခြေ(၄၅၀)လုံး၊ အိမ်ထောင်စု(၄၅၀)စု၊ လူဦးရေ(၂၅၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ရင်ခွင့်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောက်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဦးကျော်မြင့်တို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၃၆၀၀)ဂါလံအား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ ခံစပ်တောကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၂၇၄)လုံး၊ အိမ်ထောင်စု(၂၇၄)စု၊ လူဦးရေ(၁၆၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောက်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ မင်းလှမြို့နယ်အတွင်း ကျေးရွာအုပ်စု (၃)စုတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၃၇၁၅၀ဝိ/-)ကျပ်ကို (၁၇.၅.၂၀၁၉)ရက်နေ့ ညနေ(၁ရး၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source – မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄/၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာခွဲ (၁၄) ရွာတို့ရှိ အမိုးလန်နေအိမ် (၂၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ စုစုပေါင်း (၉၈၄၉၅၀/-) ကျပ်အား ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မင်းကင်းမြို့နယ်၊ လင်းလု ကျေးရွာအုပ်စု၊ မဟူကျေးရွာရှိ အိမ်ခြေ (၄၃) လုံး၊ အိမ်ထောင်စု (၄၃) စုမှ လူဦးရေ (၂၈၇) ဦးတို့အတွက် (၁) အိမ်ထောင်စုလျင် (၅) ဂါလံ (၃) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလံ (၆၇၅) ဂါလံအား မင်းကင်းမြို့နယ် လွှတ်တော်အမတ်နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_may2019 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာအုပ်စု၊ လမုတပင်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော နေအိမ် (သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း) (၁) လုံးနှင့် (ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၂) လုံး၊ စုစုပေါင်းနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာတွင် (၁၆.၅.၂၀၁၉) ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ ပြိုကျပျက်စီးသော အိမ်ခြေ(၁)လုံးနှင့် ဟိန္ဒူဘုရားကျောင်း(၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦး လေဘေးသင့်ခဲ့ရာ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ (၁၇-၅-၂၀၁၉)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၄၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၅,၂၀၀) စုစုပေါင်းထောက်ပံ့ငွေ (၂၆၅,၂၀၀)တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_may2019 Source – ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော မြောက်ဦး မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာနှင့် ရပ်ကွက် (၂) ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၄၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၁) အိမ် ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၅၀၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ … Read more
-
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များဆိုင် ရာ သုတေသနလုပ်ငန်းအတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
မေလ ၁၇၊ နေပြည်တော် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်သူများ၏ စိတ်နေသဘောထားနှင့် ခံယူချက်များ ဆိုင်ရာ သုတေသန လုပ်ငန်းအတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲကို နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြေားကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများရရှိရန်နှင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အဆင့် ယန္တရားတစ်ရပ် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၂၀၁၈ ခုနှစ်တွင် … Read more









