လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မင်းကင်းမြို့နယ်၊ လင်းလု ကျေးရွာအုပ်စု၊ မဟူကျေးရွာရှိ အိမ်ခြေ (၄၃) လုံး၊ အိမ်ထောင်စု (၄၃) စုမှ လူဦးရေ (၂၈၇) ဦးတို့အတွက် (၁) အိမ်ထောင်စုလျင် (၅) ဂါလံ (၃) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလံ (၆၇၅) ဂါလံအား မင်းကင်းမြို့နယ် လွှတ်တော်အမတ်နှင့်အတူ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#sgg_may2019
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)