လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ အင်ကြင်းကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက် သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ကျင်းပဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_may2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)