လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော မြောက်ဦး မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀) ရွာနှင့် ရပ်ကွက် (၂) ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၄၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၁) အိမ် ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၅၀၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၃) အိမ် ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၀၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၃၂၆၀၀/-) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၈၈၂၆၀၀/-) ကျပ်တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၇-၅-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#rke_may2019
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)