လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄/၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပေါက်ခေါင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာခွဲ (၁၄) ရွာတို့ရှိ အမိုးလန်နေအိမ် (၂၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပ့ံငွေ စုစုပေါင်း (၉၈၄၉၅၀/-) ကျပ်အား ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)