လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ကျောက်တော်မြို့နယ်၊ လမုတပင်ကျေးရွာအုပ်စု၊ လမုတပင်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော နေအိမ် (သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း) (၁) လုံးနှင့် (ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၂) လုံး၊ စုစုပေါင်းနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး(၄၄၁၀၀/-) ကျပ်၊ စုစုပေါင်း (၁၉၄၁၀၀/-) ကျပ်တို့အား (၁၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#rke_may2019
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)