လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉)ရက်နေ့တွင် မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုအား ကျေးရွာနေပြည်သူ အိမ်ခြေ(၄၅၀)လုံး၊ အိမ်ထောင်စု(၄၅၀)စု၊ လူဦးရေ(၂၅၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ရင်ခွင့်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောက်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဦးကျော်မြင့်တို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၃၆၀၀)ဂါလံအား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်။
ဆက်လက်၍ ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ ခံစပ်တောကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၂၇၄)လုံး၊ အိမ်ထောင်စု(၂၇၄)စု၊ လူဦးရေ(၁၆၀၀)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောက်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဦးဉာဏ်အောင်တို့နှင့်အတူ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၃၆၀၀)ဂါလံအား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်။(၁၇-၅-၂၀၁၉)ရက်နေ့အတွက် သောက်သုံးရေဖြန့်ဝေမှုမှာ ဂါလံပေါင်း (၇၂၀၀)ဂါလံဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)