Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂/၂၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးရွာအုပ်စု (၅) စုရှိ ပြိုလဲနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၈) လုုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) … Read more
-
သဘာဝဘေးအသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့်သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းနဘေးရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့၌ မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၂၇.၅.၂၀၁၉) ရက်နေ့တွင် စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_may2019 Source – မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ်၊ တောင်ခင်ရန်းကျေးရွာ၊ မြောက်ခင်ရန်းကျေးရွာ၊ နှမ်းခါးကျေးရွာနှင့် သာလင်း ကျေးရွာတို့တွင် (၂၄-၅-၂၀၁၉) ရက်နေ့့ (၁၀:၀၀) နာရီနှင့် (၁၈:၃၀) နာရီအချိန်များ၌ ဖြစ်ပွား ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၆၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၀၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် ကဇွန်းမကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် (၂၄.၅.၂၀၁၉) ရက်နေ့ (၁၂:၃၀) နာရီအချိန်၌ မိုးရွာသွန်းနေချိန်လျှပ်စီးလက်၊ မိုးကြိုးပစ်သံကြားရစဉ် နေအိမ်အတွင်းရှိ အင်ဗာတာနှင့် ဗက်ထရီအိုးအနီးထိုင်နေရာမှ လျှပ်စစ်ဓာတ်ဝင်၍ အသက်ရှုကြပ်၊ လမ်းလျှောက်မရ၊ ရင်ဘတ်အောင့်၊ ပြင်ပဒဏ်ရာမရှိဘဲ (မစိုးရိမ်ရ) လဲကျခဲ့သူအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၇.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကဇွန်းမကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mgy_may2019 … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ မဲဇလီကုန်းအုပ်စု၊ ခုံကြီးအုပ်စု၊ ကညွတ်ကွင်းအုပ်စု၊ ကြံခတ်ကွင်းအုပ်စု၊ ရှမ်းခေါင်းဗြဲအုပ်စုတို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့နှင့့် (၂၄-၅-၂၀၁၉) ရက်နေ့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ရန်ပုံငွေ (၉၀၀၀၀/-) ကျပ်ကိုလည်းကောင်း၊ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၃၁) လုံး နှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၅၉) လုံး၊ စုစုပေါင်းအိမ်ခြေ (၉၀) လုံး ၎င်းအိမ်ထာင်စု (၉၀) စုရှိ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၈)ရွာတို့တွင် (၂၃.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျခဲ့၍ နေအိမ် (၅၁) လုံး နှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အမိုးလန်ခဲ့ပြီး၊ အိမ်ခြေ (၅၂) လုံး၊ အိမ်ထောင်စု (၅၂) စု၊ လူဦးရေစုစုပေါင်း (၂၂၅) ဦးနှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၂၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၇၂၅၀၀)၊ ပြိုကျနေအိမ်(၁)လုံး … Read more
-
ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် အဆင့်မြင့် ညှိနှိုင်းအစည်းအဝေးကျင်းပ
မေလ ၂၇ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ် အဆင့်မြင့်ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က ပူးတွဲဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဇေယျာသီရိမြို့နယ်အတွင်း (၂၄-၅-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေးတွင် လေဘေးဒဏ် ခံစားခဲ့ရသည့် ခေတ်အေးကျေးရွာအုပ်စုနှင့် နန်းသြကျေးရွာအုပ်စု ကျေးရွာပေါင်း(၉)ရွာမှ၊ ဘာသာရေး အဆောက် အဦ (၄)လုံး ပြိုလဲနေအိမ် (၁၃)လုံးနှင့် အမိုးလန်နေအိမ် (၁၀၆)လုံး စုစုပေါင်း (၁၁၉)လုံးအတွက် ကျောင်းဆောက် ပစ္စည်းဖိုးနှင့်/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၅၁၈,၀၀၀) နှင့် လူဦးရေ (၄၆၈)ဦး အတွက် ဆန်ရိက္ခာဖိုး (၉၈၂,၈၀၀) စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၅,၅၀၀,၈၀၀)တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပုဗ္ဗသီရိမြို့နယ်အတွင်း (၂၄-၅-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေးတွင် လေဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာအုပ်စု(၄)စု ကျေးရွာပေါင်း(၆)ရွာမှ၊ ပြိုလဲနေအိမ် (၅)လုံးနှင့် အမိုးလန်နေအိမ်(၁၈)လုံး စုစုပေါင်း (၂၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀၇)ဦး အတွက် ဆန်ရိက္ခာဖိုး (၂၂၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၂၇၄,၇၀၀)ကျပ်တို့ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉)ရက်နေ့(၁၅:၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #npw_may2019 Source: … Read more
-
လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကြံခင်းမြို့နယ်၊သစ်ဆိမ့်ကိုင်းအုပ်စု၊သစ်ဆိမ့်ကိုင်းကျေးရွာတွင် (၂၁-၅- ၂၀၁၉)နေ့လေဘေးကြောင့်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၎င်းအိမ်ထာင်စု(၁)စုရှိလူဦးရေ(၄)ဦးနှင့် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စု၊ (အလယ် ကျွန်း၊ တဲတန်း)ကျေးရွာတို့တွင်(၂၁-၅-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့်အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၅၃)ဦး တို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၉၇၉,၇၀၀) ကျပ်တို့ကို (၂၇-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw_rbe #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)









