လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ မဲဇလီကုန်းအုပ်စု၊ ခုံကြီးအုပ်စု၊ ကညွတ်ကွင်းအုပ်စု၊ ကြံခတ်ကွင်းအုပ်စု၊ ရှမ်းခေါင်းဗြဲအုပ်စုတို့တွင် (၂၂-၅-၂၀၁၉) ရက်နေ့နှင့့် (၂၄-၅-၂၀၁၉) ရက်နေ့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ရန်ပုံငွေ (၉၀၀၀၀/-) ကျပ်ကိုလည်းကောင်း၊ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၃၁) လုံး နှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၅၉) လုံး၊ စုစုပေါင်းအိမ်ခြေ (၉၀) လုံး ၎င်းအိမ်ထာင်စု (၉၀) စုရှိ လူဦးရေ (၃၄၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃၁) အိမ်ထောင်စု စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၈၉၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇၁၆၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၆၆၉၆၁၀၀/-) ကျပ်အား (၂၇-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)