လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၈)ရွာတို့တွင် (၂၃.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျခဲ့၍ နေအိမ် (၅၁) လုံး နှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အမိုးလန်ခဲ့ပြီး၊ အိမ်ခြေ (၅၂) လုံး၊ အိမ်ထောင်စု (၅၂) စု၊ လူဦးရေစုစုပေါင်း (၂၂၅) ဦးနှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၂၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၇၂၅၀၀)၊ ပြိုကျနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)၊ အမိုးလန်နေအိမ် (၅၁) လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၇၆၅၀၀၀)၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၇၀၀၀၀) ရန်ပုံငွေစုစုပေါင်း (၁၄၀၇၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျို း၊ (၁) အိမ်ထောင်စာတို့အား (၂၇.၅.၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)