လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်ကြံခင်းမြို့နယ်၊သစ်ဆိမ့်ကိုင်းအုပ်စု၊သစ်ဆိမ့်ကိုင်းကျေးရွာတွင် (၂၁-၅- ၂၀၁၉)နေ့လေဘေးကြောင့်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သောအိမ်ခြေ(၁)လုံး၎င်းအိမ်ထာင်စု(၁)စုရှိလူဦးရေ(၄)ဦးနှင့် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စု၊ (အလယ် ကျွန်း၊ တဲတန်း)ကျေးရွာတို့တွင်(၂၁-၅-၂၀၁၉)နေ့ ကမ်းပြိုဘေးသင့်အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၅၃)ဦး တို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၈၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၉၇၉,၇၀၀) ကျပ်တို့ကို (၂၇-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)