ပုဗ္ဗသီရိမြို့နယ်အတွင်း (၂၄-၅-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေးတွင် လေဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာအုပ်စု(၄)စု ကျေးရွာပေါင်း(၆)ရွာမှ၊ ပြိုလဲနေအိမ် (၅)လုံးနှင့် အမိုးလန်နေအိမ်(၁၈)လုံး စုစုပေါင်း (၂၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀၇)ဦး အတွက် ဆန်ရိက္ခာဖိုး (၂၂၄,၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၂၇၄,၇၀၀)ကျပ်တို့ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉)ရက်နေ့(၁၅:၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)