လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါ မြို့နယ်၊ တောင်ခင်ရန်းကျေးရွာ၊ မြောက်ခင်ရန်းကျေးရွာ၊ နှမ်းခါးကျေးရွာနှင့် သာလင်း ကျေးရွာတို့တွင် (၂၄-၅-၂၀၁၉) ရက်နေ့့ (၁၀:၀၀) နာရီနှင့် (၁၈:၃၀) နာရီအချိန်များ၌ ဖြစ်ပွား ခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၆၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၀၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ (၆၆၀၈၀၀/-) ကျပ်အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အတူ (၂၇-၅-၂၀၁၉) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)