လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် ကဇွန်းမကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် (၂၄.၅.၂၀၁၉) ရက်နေ့ (၁၂:၃၀) နာရီအချိန်၌ မိုးရွာသွန်းနေချိန်လျှပ်စီးလက်၊ မိုးကြိုးပစ်သံကြားရစဉ် နေအိမ်အတွင်းရှိ အင်ဗာတာနှင့် ဗက်ထရီအိုးအနီးထိုင်နေရာမှ လျှပ်စစ်ဓာတ်ဝင်၍ အသက်ရှုကြပ်၊ လမ်းလျှောက်မရ၊ ရင်ဘတ်အောင့်၊ ပြင်ပဒဏ်ရာမရှိဘဲ (မစိုးရိမ်ရ) လဲကျခဲ့သူအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ (၂၇.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကဇွန်းမကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)