Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာ (၂၄) ရွာတို့တွင် (၂၁/၂၂/၂၃-၅-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံး ပြိုကျခဲ့၍ နေအိမ် (၁၈၆) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁၉၁) လုံး၊ အိမ်ထောင်စု (၁၉၁) စု၊ လူဦးရေစုစုပေါင်း (၆၈၆) ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း … Read more
-
ဖယ်ခုံမြို့နယ်အတွင်း ကြွက်ဘေး ကျရောက်ခဲ့သည့်ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၅-၂၀၁၉) ရက်နေ့တွင် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဖယ်ခုံမြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဖယ်ခုံမြို့နယ်အတွင်း ကြွက်ဘေးကျရောက်ခဲ့သည့်ကျေးရွာများသို့ကွင်း ဆင်းကြည့်ရှု၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် အုပ်စု(၅)စု (ဘုရားကုန်း၊ရဲကွင်း၊ငါးဖယ်ထူ၊ လယ်ကြီးကွင်း၊လဟာကျော်) ကျေးရွာ(၁၃)ရွာတွင် (၂၅.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ(၃၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၁,၄၉၀,၀၀၀)ကျပ်၊ ဘေးသင့် လူဦးရေ(၁၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၂၄၇,၈၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၇၃၇,၈၀၀) ကျပ်တို့ကို (၂၇-၅-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာ ဒေသသို့သွားရောက်၍ လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၅)စု (အင်းကြီး၊အင်္ဂပို၊စခန်းကြီး၊ လယ်ကြီးကွင်း၊လဟာကျော်) ကျေးရွာ(၇)ရွာ၌ (၂၁.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲ ပျက်စီးခဲ့သော အိမ်ခြေ(ဝါးအိမ်-၂လုံး)၊တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၃၄)လုံး စုစုပေါင်းအိမ်ခြေ (၃၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၀၄၅,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၁၃၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၂၇၃,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂,၃၁၈,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ(တန်ဖိုး- ၆၄,၇၀၆)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၂,၃၈၂,၇၀၆)ကျပ်တို့ကို(၂၇.၅.၂၀၁၉)ရက်နေ့ တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသ သို့ သွားရောက်၍ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ် နတ်မောက်ကျေးရွာအုပ်စု ရွှေကျောင်းကုန်းကျေးရွာရှိ အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၂၅၀၀/-) ကျပ်အား (၂၈-၅-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့် မိသားစုလက်ဝယ်ထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ညောင်ပင်ရပ်ကွက်၊ ရေတံခွန်လမ်း (၄)လမ်း၌ (၂၄-၅-၂၀၁၉) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်း ပျက်စီးခဲ့သောအိမ်ခြေ(ဝါးအိမ်-၁လုံး) (သစ်အိမ်-၄လုံး)၊ စုစုပေါင်းအိမ်ခြေ(၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀၀,၀၀၀) ဘေးသင့်လူဦးရေ(၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၃၃,၆၀၀) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၉၃၃,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ်ထောင်စာ(တန်ဖိုး- ၁၆၁,၇၆၅) စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁,၀၉၅,၃၆၅) ကျပ်ကို (၂၇-၅-၂၀၁၉) … Read more
-
မီးဘေးသင့် ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ကျေးရွာရှိ ကဒက်ငယ်ထိန်မြောက်ဘုန်းကြီးကျောင်းတွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်းကျွမ်းမှုကြောင့် (၂) ထပ် ကျောင်းဆောင် (၁) ဆောင် ပျက်စီးခဲ့ပါသဖြင့် ကျောင်းဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀) နှင့် ကျောင်းရှိသံဃာတော် (၂) ပါး အတွက် သင်္ကန်းဖိုး (၇၀၀၀၀) အား ( ၂၇-၅-၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
IDPs စခန်း (၅) ခုမှ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၉) ရက်နေ့တွင် နမ္မတူမြို့နယ်အတွင်းရှိ lDPs စခန်း(၃)ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉) စု၊ လူဦးရေ (၅၉၆) ဦးနှင့် မန်တုံမြို့နယ်အတွင်းရှိ lDPs စခန်း (၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၂) စု၊လူဦးရေ (၃၃၆) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၉၁) စုနှင့် လူဦးရေ (၉၃၂) ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ ည (၁၉း၄၅) အချိန်တွင် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖကန်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၉၀၀၀၀) အား (၂၇-၅-၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်း (၁၄း၃၀) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁၆) လုံး၊ အမိုးလန်နေအိမ် (၃၅) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၇၅၀၀၀)ကျပ်၊ ပြိုလဲနေအိမ် (၁၆) လုံးမှ လူဦးရေ (၇၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၉၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၂၄၁၀၀) ကျပ်နှင့် … Read more









