လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အုပ်စု(၅)စု (အင်းကြီး၊အင်္ဂပို၊စခန်းကြီး၊ လယ်ကြီးကွင်း၊လဟာကျော်) ကျေးရွာ(၇)ရွာ၌ (၂၁.၅.၂၀၁၉) ရက်နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝပြိုလဲ ပျက်စီးခဲ့သော အိမ်ခြေ(ဝါးအိမ်-၂လုံး)၊တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၃၄)လုံး စုစုပေါင်းအိမ်ခြေ (၃၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၀၄၅,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၁၃၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၂၇၃,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂,၃၁၈,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ(တန်ဖိုး- ၆၄,၇၀၆)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၂,၃၈၂,၇၀၆)ကျပ်တို့ကို(၂၇.၅.၂၀၁၉)ရက်နေ့ တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးဖြစ်ပွားရာဒေသ သို့ သွားရောက်၍ လေဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)