လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၁၉)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ထိန်ကျေးရွာရှိ ကဒက်ငယ်ထိန်မြောက်ဘုန်းကြီးကျောင်းတွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်းကျွမ်းမှုကြောင့် (၂) ထပ် ကျောင်းဆောင် (၁) ဆောင် ပျက်စီးခဲ့ပါသဖြင့် ကျောင်းဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀) နှင့် ကျောင်းရှိသံဃာတော် (၂) ပါး အတွက် သင်္ကန်းဖိုး (၇၀၀၀၀) အား ( ၂၇-၅-၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_may2019
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)