လေဘေးထောက်ပံ့မှုသတင်း

28_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာ (၂၄) ရွာတို့တွင် (၂၁/၂၂/၂၃-၅-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံး ပြိုကျခဲ့၍ နေအိမ် (၁၈၆) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ (၁၉၁) လုံး၊ အိမ်ထောင်စု (၁၉၁) စု၊ လူဦးရေစုစုပေါင်း (၆၈၆) ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆၈၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၄၄၀၆၀၀/-) ကျပ်၊ ပြိုကျ နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၁၈၆) လုံး အတွက် အိမ်ဆောင်ပစ္စည်းဖိုး (၂၉၉၉၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၁၀၉၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စာတို့အား (၂၇-၅-၂၀၁၉) ရက်နေ့တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events