မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

28_Pic_02
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ညောင်ပင်ရပ်ကွက်၊ ရေတံခွန်လမ်း (၄)လမ်း၌ (၂၄-၅-၂၀၁၉) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်း ပျက်စီးခဲ့သောအိမ်ခြေ(ဝါးအိမ်-၁လုံး) (သစ်အိမ်-၄လုံး)၊ စုစုပေါင်းအိမ်ခြေ(၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၉၀၀,၀၀၀) ဘေးသင့်လူဦးရေ(၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ( ၃၃,၆၀၀) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၉၃၃,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ်ထောင်စာ(တန်ဖိုး- ၁၆၁,၇၆၅) စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၁,၀၉၅,၃၆၅) ကျပ်ကို (၂၇-၅-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ မီးဘေးဖြစ်ပွားသောနေရာသို့ သွားရောက်၍ မီးဘေးသင့် ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events