IDPs စခန်း (၅) ခုမှ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၉) ရက်နေ့တွင် နမ္မတူမြို့နယ်အတွင်းရှိ lDPs စခန်း(၃)ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၂၉) စု၊ လူဦးရေ (၅၉၆) ဦးနှင့် မန်တုံမြို့နယ်အတွင်းရှိ lDPs စခန်း (၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၂) စု၊လူဦးရေ (၃၃၆) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၉၁) စုနှင့် လူဦးရေ (၉၃၂) ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ စုစုပေါင်းတန်ဖိုးငွေ (၅၀၂၆၀၂၀/-) ကျပ်အား အဆိုပါစခန်းမှ တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#shn_may2019

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events