လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက်နေ့၊ ည (၁၉း၄၅) အချိန်တွင် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖကန်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၉၀၀၀၀) အား (၂၇-၅-၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်း (၁၄း၃၀) အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#shn_may2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)