Category Archives: News
-
မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၌ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ငါးဘက်ကြီးကျေးရွာအုပ်စု၊ တော်လှန်ကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် (၃၀၀၀၀၀/-) ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် (၂) ဦးအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း(၄၀၀၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီအချိန်၌ ရွှေကူမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတွင် လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_otr #kcn_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းအား (၅-၆-၂၀၁၉) ရက်နေ့မှ (၇-၆-၂၀၁၉) ရက်နေ့ အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ၌ ဖွင့်လှစ်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားသော ဗန်းမော်မြို့၊ မင်းလှရပ်ကွက်မီးဘေးသင့်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁) လုံးအတွက် အိမ်ဆောက်တန်ဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးတို့အတွက် (၇) ရက်စာဆန်ဖိုးငွေ(၁၀၅၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည် (၁၀) မျိုးပါပုံး ပလပ်စတစ်ပုံး (၁) ပုံးတို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNICEF (Myanmar) ၏ ဌာနေကိုယ် စားလှယ်ဖြစ်သူ Ms. June Kunugi အား လက်ခံတွေ့ဆုံမှုသတင်း
ဇွန် ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF(Myanmar)၏ ဌာနေကိုယ်စားလှယ်ဖြစ် သူ Ms. June Kunugi က အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် Ms. June Kunugi က ပြည်ထောင်စုဝန်ကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုစ်အေရီမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ တက်ရောက်မည်ဟု သိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြု၍ တိုးတက်မှုများစွာဖြစ် ထွန်းလာခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုသတင်း
နေပြည်တော်၊ မေ ၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ယူဆောင်ရွက် လျက်ရှိ သော ညွန်ကြားရေးမှူးများအနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြသူ များဖြစ်ကြောင်း၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ် သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့နှင့်အတူ (၄-၆-၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခန်းမ၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးတို့အား အသိပညာပေးလုပ်ငန်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ထီဆိပ်ဘုရားစုကျေးရွာအုပ်စု၊ ထီဆိပ်ဘုရားစုကျေးရွာ၌ ကျေးရွာနေပြည်သူလူထု (၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jun2019
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၆.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ ဝဲကင်းအံကျေးရွာ အ.လ.က ဝဲကင်း အံကျာင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များအားဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၆-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ပြည်နယ်စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ဘေးအန္တရာယ်ဝေါဟာရများ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုများအားရှင်းလင်းပြောကြား၍ တက်ရောက်လာသော အဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများ စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၃-၅-၂၀၁၉)ရက်၊(၂၄-၅-၂၀၁၉)ရက်၊(၂၅-၅-၂၀၁၉)ရက်၊(၃၀-၅-၂၀၁၉)ရက်နေ့နှင့်(၁-၆-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ရပ်ကွက်(၂) ရပ်ကွက်၊ကျေးရွာအုပ်စု(၁၈)စု၊ကျေးရွာ(၂၈)ရွာတို့်တွင်ဖြစ်ပွားခဲ့သော လေးဘေးကြောင့် ပြိုလဲနေအိမ်(၈)လုံးနှင့် အမိုးလန်နေအိမ်(၁၅၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၇၁၈၈၅၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၈)စုမှလူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (ပလပ်စတစ်ပုံအပါ)(၈)အိမ်ထောင်စာတို့ကို ၄-၆-၂၀၁၉)ရက်နေ့(၁၄း၀၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _jun2019









