ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုသတင်း

5_Pic_01

နေပြည်တော်၊ မေ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ယူဆောင်ရွက် လျက်ရှိ သော ညွန်ကြားရေးမှူးများအနေဖြင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြသူ များဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင် ပေးရန်၊ ဒီမိုကရေစီ စံနှုန်းများနှင့်ကိုက်ညီစေရန်နှင့် လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသော လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကောင်းမွန်သော အပြောင်းအလဲများ ကိုဖော်ဆောင်ရန် ကလေးသူငယ်မှ သက်ကြီးရွယ်အိုအထိ လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မူဝါဒ၊ ဥပဒေနှင့် မဟာဗျူဟာများချမှတ်၍ လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ပြည်သူများထိရောက်စွာ ခံစားရရှိစေနိုင်ရန်  မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အပြောင်းအလဲကိုဖော်ဆောင်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သဟဇာတဖြစ်အောင်ဆောင်ရွက်တတ်ခြင်း၊ အနစ်နာခံ အားစိုက်ထုတ်ပြီး ဆောင်ရွက်ခြင်းများလိုအပ်ကြောင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် မိမိတို့အဖွဲ့အစည်းအတွင်း ညီညွတ်စွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပွင့်လင်းမြင်သာထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)နှင့် ချိတ်ဆက်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် ဝန်ထမ်းအကြီးအကဲများဖြစ်၍ တာဝန်ကို ကျေပွန်ခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ ကျင့်ဝတ်များကို စောင့်ထိန်း ခြင်းဖြင့် အဂတိကင်းစွာ စံနမူနာပြ ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးကပြောကြား ရာတွင် ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ အချိတ်ဆက်မိမိ ဆောင်ရွက်ကြရန်လိုကြောင်း  ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို (၃.၆.၂၀၁၉)ရက်နေ့မှ (၄.၆.၂၀၁၉)ရက်နေ့အထိ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jun2019

Source:       MSWRR

Sign Up

Upcoming Events