သဘာဝလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းကျင်းပပြုလုပ်မှုသတင်း

5_Pic_01 5_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းအား (၅-၆-၂၀၁၉) ရက်နေ့မှ (၇-၆-၂၀၁၉) ရက်နေ့ အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ၌ ဖွင့်လှစ်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၃)ရက်တာ ကြာမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#krn_jun2019
Source:  ကော့ကရိတ်ခရိတ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events