ဇွန် ၄၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF(Myanmar)၏ ဌာနေကိုယ်စားလှယ်ဖြစ် သူ Ms. June Kunugi က အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် Ms. June Kunugi က ပြည်ထောင်စုဝန်ကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုစ်အေရီမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ တက်ရောက်မည်ဟု သိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြု၍ တိုးတက်မှုများစွာဖြစ် ထွန်းလာခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို ညီလာခံတွင် ကမ္ဘာသို့ဝေမျှခွင့်ရမည်ဖြစ်ကြောင်း၊ UNICEF အနေဖြင့် လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၊ မသန်စွမ်းသူများအတွက် နိုင်ငံတော်အဆင့် လုပ်ငန်း စီမံချက်ပေါ်ထွန်းရေး၊ မသန်စွမ်းမှု ကာကွယ်ရေးဖြစ်သည့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်တို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးကလည်း ၂၀၁၈ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ မြန်မာနိုင်ငံမှ မိမိတို့ပါဝင်တက်ရောက်ခဲ့ပြီး ကတိကဝတ်(၇) ချက်ပြုခဲ့ပါကြောင်း၊ ၂၀၁၈ခုနှစ်သည် မသန်စွမ်းသူများနှစ်ဟုဆိုရလောက်အောင် တိုးတက်မှု များစွာဖြစ်ထွန်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက်ရေးဆွဲနေကြောင်း၊ မသန်စွမ်းသူ မှတ်ပုံတင်ရေး၊ မသန်စွမ်းသူများကို လူမှုရေးအကူအညီ ပေးရေးအစီအစဉ်များ ကိုလည်း တိုင်းဒေသကြီး၊ ပြည်နယ် (၁၅) ခုတွင် ဆောင်ရွက်နေကြောင်း၊ မသန်စွမ်းအဆင့် သတ်မှတ်ရေးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ မသန်စွမ်းဖြစ်မှု ကာကွယ်ရေးတွင် မိုင်းအန္တရာယ်အသိ ပညာပေးရေးသာမက Early Childhood Intervension (ECI)လုပ်ငန်းကိုလည်း ပြည်နယ်၊ တိုင်းဒေသကြီး (၄)ခုတွင် စီမံကိန်းချမှတ်ဆောင် ရွက်နေမှုများနှင့် မသန်စွမ်းသူများအတွက် အားလုံးအကျုံးဝင် ပညာရေးရရှိစေရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_jun2019
Source: MSWRR