Category Archives: News
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉)ရက်နေ့၊ ည(၂၀း၁၅)အချိန်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်(၂)လမ်းထိပ် ရှိဈေးဆိုင်ခန်း၊ ဒေါ်အေးအေးသင်းကုန်ဆုံဆိုင်တွင် ပလပ်စတစ် ဓာတ်ဆီပုံးအတွင်းမှ ဓာတ်ဆီများဗူးငယ်အတွင်း လှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့်လူ(၁)ဦး သေဆုံးခဲ့ပါသဖြင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀/-)အား (၅-၆-၂၀၁၉)ရက်နေ့၊ (၁၄း၃၀)အချိန်တွင် ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ သေဆုံးသူ၏ မိသားစုထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_jun2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် အမျိုးသမီးရေရာအဖွဲ့တို့နှင့် ပူးပေါင်း၍ (၅-၆-၂၀၁၉)ရက်နေ့ တွင် သောက်သုံးရေရှားပါးလျက်ရှိသော ကလေးမြို့နယ်၊ ကံသာယာကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေဂါလံ (၄၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #sgg_jun2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၅-၆-၂၀၁၉) ရက်နေ့ (၁၀:၀၀) အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ဝေပုလ္လဘုန်းကြီးကျောင်းတိုက်ရှိ ဆွမ်းစားဆောင် (၁) ဆောင်နှင့် လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၆၀၀/-) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် အား လက်ခံတွေ့ဆုံမှုသတင်း
ဇွန် ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အား အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေပိုင်း၌ လက်ခံတွေ့ဆုံပါ သည်။ တွေ့ဆုံရာတွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊(IFRC)တို့မှ ပူပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက် လျက်ရှိသော လူသားချင်းစာနာမှုအကူအညီပေးရေး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသတချို့တွင် ထောက်ပံ့မှုလိုအပ်လျက် ရှိသောအခြေအနေများ၊ မြန်မာနိုင်ငံတွင် … Read more
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ လယ်ပြင် မကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် တောင်ကျချောင်းရိုးရေစီး၌မျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ (၂-၆-၂၀၁၉) ရက်နေ့၌ ဗျိုင်းအင်းကျေးရွာတွင် မိုးကြိုပစ်၍ ဆေးကုသဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်နှင့် (၂-၆-၂၀၁၉) ရက်နေ့ တွင် အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနေ ဂွေ့ကြီးချောင်းရေ၌မျောပါခဲ့သော ဒဏ်ရာရလူနာ (၁) … Read more
-
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
၅-၆-၂၀၁၉၊ နေပြည်တော် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)နှင့် ဆက်စပ် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက် သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် UN Women တို့ ပူးပေါင်းပြီး UNSCR 1325နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ … Read more
-
မိုးကြိုးဘေးနှင့် လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်းတည်မြို့နယ် နွားခြံကုန်းအုပ်စု၊ ကုန်းသာကျေးရွာတွင် (၃၀.၅.၂၀၁၉)ရက်နေ့ မိုးကြိုးဘေးသင့် သေဆုံးသူ (၁) ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ ပေါင်းတည်မြို့နယ်၊ မဲခေါင်းကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာ၌ (၅.၆.၂၀၁၉) ရက်နေ့ လေဘေးသင့်အမိုးလန်နေအိမ် (၁)လုံးအတွက် ထောက်ပံ့ငွေ (၄၈,၀၀၀) ကျပ်အားလည်းကာင်း (၅.၆.၂၀၁၉)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ha_tls #bgo_jun2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (မြောက်ပိုင်း)၊ ဦးသောင်းငွေ(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်) ရှိကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၃) လုံး၊ အိမ်ထောင်စု (၁၃၀) စု၊ လူဦးရေ (၇၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လေဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၃) စု ကျေးရွာ(၄)ရွာတွင် (၃၁.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ် (၂၂) လုံး၊ ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၈,၃၀၀/-)ကျပ်၊ ပြိုလဲ (၂)အိမ်ရှိ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၉၀၀/-)ကျပ်အားလည်းကောင်း၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်း ကျေးရွာအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာ၌ (၃.၆.၂၀၁၉) ရက်နေ့၊ ကမ်းပြိုကြိုရွှေ့နေအိမ် (၉)လုံးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်တို့ အားလည်းကောင်း (၅.၆.၂၀၁၉)ရက်နေ့ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ်၊ လှော်ဝကျေးရွာ (၃၀.၅.၂၀၁၉)ရက်နေ့ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀,၀၀၀)ကျပ်၊ ဘုန်းကြီးကျောင်း (၂)ကျောင်း (၁၆၀,၀၀၀)ကျပ်၊ လူဦးရေစုစုပေါင်း (၁၃)ဦးအတွက်(၇)ရက်စာ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၅၇,၃၀၀)ကျပ်၊ (၁၈,၅၁၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၂)အိမ်ထောင် စာ၊ ပလပ်စတစ်ပုံး(လက်ကိုင်ပါ)(၂)ပုံးတို့အား (၅.၆.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #chn_jun2019 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









