လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် အား လက်ခံတွေ့ဆုံမှုသတင်း

6_Pic_02 6_Pic_03

ဇွန် ၅၊  နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အား အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေပိုင်း၌ လက်ခံတွေ့ဆုံပါ သည်။

တွေ့ဆုံရာတွင်  နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊(IFRC)တို့မှ ပူပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက် လျက်ရှိသော လူသားချင်းစာနာမှုအကူအညီပေးရေး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသတချို့တွင် ထောက်ပံ့မှုလိုအပ်လျက် ရှိသောအခြေအနေများ၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက် လိုသည့်အခြေအနေများ၊ ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရဆိုင်ရာအဆင့်ဆင့်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl2_otr

#npw_jun2019

Source:  MSWRR

Sign Up

Upcoming Events