ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

6_Pic_01

၅-၆-၂၀၁၉၊ နေပြည်တော်

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)နှင့် ဆက်စပ် ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက် သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယနေ့အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် UN Women တို့ ပူးပေါင်းပြီး UNSCR 1325နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပါသည်။          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် UNSCR1325 သည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်များပေါ် တွင်အခြေပြုကာ ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့ပြီး UNSCR1325 အပါအဝင်ဆက်စပ် ကုလသမဂ္ဂ ဆုံးဖြတ်ချက်စုစုပေါင်း(၅)ခုရှိပါကြောင်း၊                                                                     UNSCR 1325နှင့် ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း လုပ်ငန်းစဉ်များတွင်အမျိုးသမီးများအနေနှင့် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့်အဆင့်များတွင် ပါဝင်မှုရှိစေရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်မှုပေးရေး၊ အမျိုးသမီးအခွင့်အရေးများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ စေရေးတို့ ဖော်ပြပါရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)အရ ဖွဲ့စည်းထားသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာနည်းပညာလုပ်ငန်းအဖွဲ့ပူးပေါင်းပါဝင်မှု၊ UN Women၏ ပံ့ပိုးမှုဖြင့် UNSCR 1325 ဆက်စပ် ကုလသမဂ္ဂဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ရေးဆွဲနိုင် ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်ကိုရေးဆွဲရာ တွင်လည်း ကဏ္ဍစုံမှ ပါဝင်အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ နော်ဝေနိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့်  မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်  ကယားပြည်နယ်တို့တွင် UN Women က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “ Centering Women and Their Priorities in Myanmar’s Peace Process Phase II (၂၀၁၇-၂၀၂၀) စီမံချက်ဟာ  UNSCR 1325နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရာတွင်များစွာ အထောက် အကူဖြစ် မှာဖြစ်ပါကြောင်း၊ စီမံချက် Phase II ဆောင်ရွက်ရာတွင် Phase I ၏ အောင်မြင်မှု၊ စိန်ခေါ်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ Monitoring and Evaluation တွင် အရေးပါ ပါကြောင်း၊ Review လုပ်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Tone Tinnes က နော်ဝေအစိုးရမှ ပံ့ပိုးကာ UN Women နှင့်ပူးပေါင်းပြီး အကောင်ထည်ဖော်လျက်ရှိသော အမျိုးသမီးငြိမ်းချမ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြည်နယ်အဆင့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်မှုအပေါ် ဂုဏ်ပြု အမှာစကားပြောကြားပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်လည်း ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားပြီး UN Women မှ ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr. Nicolas Burniat ကလည်း အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ မွန်ပြည်နယ်မှ ပအို့ဝ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ကရင်ပြည်နယ်မှ ကရင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီ းကော်မတီဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ စုစုပေါင်းကိုယ်စားလှယ် (၉၇)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_jun2019

Source:  MSWRR

Sign Up

Upcoming Events