လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (မြောက်ပိုင်း)၊ ဦးသောင်းငွေ(တဲတိုက်)၊ ဦးကျော်စိန်(တဲတိုက်) ရှိကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၃) လုံး၊ အိမ်ထောင်စု (၁၃၀) စု၊ လူဦးရေ (၇၁၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)