လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ လယ်ပြင် မကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် တောင်ကျချောင်းရိုးရေစီး၌မျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ ငွေ (၃၀၀၀၀၀/-) ကျပ်၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ (၂-၆-၂၀၁၉) ရက်နေ့၌ ဗျိုင်းအင်းကျေးရွာတွင် မိုးကြိုပစ်၍ ဆေးကုသဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်နှင့် (၂-၆-၂၀၁၉) ရက်နေ့ တွင် အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနေ ဂွေ့ကြီးချောင်းရေ၌မျောပါခဲ့သော ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့တွင်ပြည်သူများ လက်ဝယ်သို့ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls_fld
#npw_jun2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)