လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၃) စု ကျေးရွာ(၄)ရွာတွင် (၃၁.၅.၂၀၁၉)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ် (၂၂) လုံး၊ ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၈၈,၃၀၀/-)ကျပ်၊ ပြိုလဲ (၂)အိမ်ရှိ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၉၀၀/-)ကျပ်အားလည်းကောင်း၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်း ကျေးရွာအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာ၌ (၃.၆.၂၀၁၉) ရက်နေ့၊ ကမ်းပြိုကြိုရွှေ့နေအိမ် (၉)လုံးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်တို့ အားလည်းကောင်း (၅.၆.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်နှင့် (၁၃း၀၀)နာရီအချိန်တို့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#ha_rbe
#bgo_jun2019
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)