လေဘေးအတွက် ထောက်ပံ့မှုသတင်း

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတပ်မြို့နယ်၊ လှော်ဝကျေးရွာ (၃၀.၅.၂၀၁၉)ရက်နေ့ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀,၀၀၀)ကျပ်၊ ဘုန်းကြီးကျောင်း (၂)ကျောင်း (၁၆၀,၀၀၀)ကျပ်၊ လူဦးရေစုစုပေါင်း (၁၃)ဦးအတွက်(၇)ရက်စာ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၅၇,၃၀၀)ကျပ်၊ (၁၈,၅၁၀) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၂)အိမ်ထောင် စာ၊ ပလပ်စတစ်ပုံး(လက်ကိုင်ပါ)(၂)ပုံးတို့အား (၅.၆.၂၀၁၉) ရက်နေ့တွင် မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#chn_jun2019

Source:  မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events