Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ASEAN-ERAT အဖွဲ့မှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဇွန် ၂၁ *လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ASEAN-ERAT အဖွဲ့ကိုယ်စားပြု၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန၊ ဌာနအကြီးအမှူး ဒေါက်တာစည်သူဖေသိန်းနှင့် AHA Center ၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာMr. Arnel Capili တို့ ဦးဆောင်သော အဖွဲ့က ယနေ့မွန်လွဲပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။ *တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ASEAN-ERATအဖွဲ့က လာရောက် လေ့လာပြီးနောက် ထုတ်ပြန်ခဲ့သည့် … Read more
-
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန် ၂၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုပညာသင်ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းနှင့် ထူးချွန်ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနံက်ပိုင်းတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုအခမ်းအနားသည် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများနှင့် စုံစုံညီညီတွေ့ဆုံ ရသည့်အတွက် အထူးမင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါကြောင်း၊ ဝန်ထမ်း အားလုံးမှာ မိမိတာဝန်ကျရာနေရာတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ယုံသာမက မိမိတို့၏ အရည်အချင်းများကို မြင့်မားလာအောင် ကြိုစားဆောင်ရွက်ရင်း ထူးချွန်ထက်မြက်သော ဝန်ထမ်းများပေါ်ထွက်လာခြင်းမှာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ၊ အောင်မင်္ဂလာလူယ်ဖွံ့ဖြိုးရေးကျောင်းတိုက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူ များအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန်ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်း များဖြင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင်၊ ထန်းတပင်မြို့နယ်၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၁၅၀) ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ငလျင်ဘေးအန္တရာယ်နှင့် လုံခြုံမှုရှိရေးကြိုတင်ပြင်ဆင်ခြင်းများနှင့် ပတ်သက်၍ ဟောပြောခြင်း ၊ပညာပေးဗီဒီယိုပြသခြင်း၊ ဗွီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2019 Source : ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁၈-၆-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-)ကျပ်တို့အား (၂၀-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
========================================== (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ ဆက်လက်တည်ရှိနေပါသည်။ “
-
ဗန်းမော်ခရိုင်ဦးစီးမှူးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၊ KBC IDP Camp တွင် နေထိုင်သူ(၂)ဦးတို့မိုင်း ထိမှန်ခဲ့ပြီး သေဆုံးသူတစ်ဦးလျှင်(၃၀၀,၀၀၀/-)ကျပ်နှုန်းဖြင့်(၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀,၀၀၀/-)နှုန်းဖြင့် (၅၀,၀၀၀/-) စုစုပေါင်း (၂)ဦးအတွက် (၃၅၀,၀၀၀/-)ကျပ်တို့ကို (၂၁-၆-၂၀၁၉)ရက်နေ့၊ နေ့လည်(၁း၃၀)နာရီအချိန်၌ မံစီမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီး ဌာနတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် School Cum Shelter ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့၌ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ် ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် School Cum Shelter (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကျောင်း ကုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ Shelter တည်ဆောက်ရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာနေပြည်သူ အိမ်ထောင်စု(၁၀၄)စု၊ လူဦးရေ (၄၂၃)ဦးအတွက် (၂၁-၆-၂၀၁၉)ရက်နေ့က သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)နေ့တွင် ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ စိန်ကလေးကျေးရွာ၌ လေဘေးကြောင့်ပြိုကျအိမ်ခြေ(ဝါး-၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/)ကျပ်၊ ဆန်ရိက္ခာဖိုး (၈,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၁၀၈,၄၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ (၁)အိမ်ထောင်စာ တန်ဖိုးကျပ်(၃၂,၃၅၃/-)l စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့မှုကျပ် (၁၄၀,၇၅၃/-)နှင့် (တာပေါ်လင်စ-၁ချပ်)တို့ကို (၂၁-၆- ၂၀၁၉) ရက်နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source: … Read more









