လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၉)ရက်နေ့၌ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ် ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် School Cum Shelter (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကျောင်း ကုန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ Shelter တည်ဆောက်ရေးတာဝန်ခံတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#ayy_jun2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)