လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁၈-၆-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-)ကျပ်တို့အား (၂၀-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#sgg_jun2019
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)