Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၃:၀၀) နာရီမှ (၁၅း ၀၀) နာရီအချိန်အထိ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမျိုးသမီး အသက်မွေးအတတ်ပညာသင်တန်းကျောင်းတွင် ဆရာ/ ဆရာမများ၊ ကျောင်းသူများ စုစုပေါင်း (၇၅) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ သီတာကုန်းကျေးရွာအုပ်စု၊ အင်းသုကျေးရွာနှင့် တော်ကလပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းကျေးရွာတို့၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၆) လုံးနှင့် ပြိုကျ နေအိမ် (၂) လုံးတို့မှ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁,၄၀၀/-) ကျပ်တို့အား (၈-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့်အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဓနဝတီလမ်းတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘေးသင့်လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၁၀၀ိ/-)ကျပ်တိတိအား (၈-၇-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2019 =========== Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးမှုသတင်း
၇ ဇူလိုင်၊ ကယား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်း လွဲပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ ကလေးမိဘများ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများကို ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကလေးများ၏ မိဘများ၊ မိသားစုဝင်များ၊ ကလေးများကိုပြုစုပျိုးထောင် ကာကွယ် စောင့်ရှောက်ပေးနေသူဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့်ပြည်သူလူ ထုတို့က သိရှိပူးပေါင်း အကောင်ထည်ဖော်ကြရန်လိုအပ်သည့်အတွက် … Read more
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးမှုသတင်း
ဇူလိုင်၇၊ ကယား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပသော အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် အတူအရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် နည်းစနစ်ကျစေရန်အတွက် ပြည်သူများအကျိုးရှိစေမည့် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြုကုန်ကျးရွာအုပ်စု၊ ရေဝေကျေးရွာနှင့် ဘိုင်းထောင့်ချောင်းကျေးရွာအုပ်စု၊ ကတန်းလေးကျေးရွာတို့တွင် (၅-၇-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ(၁၃)ဦး တို့ဘေးသင့် ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီချိန်တွင် ပြိုကျပျက်စီးအိမ်ခြေ(၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၃) စုစာအတွက် (၁) အိမ်ထောင်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစီ၊ လူဦးရေ(၁၃)ဦး အတွက် … Read more
-
ဇူလိုင်လစိန်းလန်းစိုပြေရေးလှုပ်ရှားဆောင်ရွက်မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေစာအုပ်နှင့် သင်တန်းကျောင်း အမှတ်တရစာအုပ်များ ပေးအပ်မှုသတင်း
(၇-၇-၂၀၁၉)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း ကျောင်း ဝန်ထမ်းမိသားစုများသည် ဟင်္သာတမြို့Green Makersသစ်ပင်စိုက်ပျိုးသူများ ပရဟိတကွန်ယကအဖွဲ့ဝင်များ၊ ဟင်္သာတ တက္ကသိုလ် ကျောင်းသားကင်းထောက်အဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာဦးဆောင်သည့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၈၀)ဦးခန့်က ကျောင်းဝင်းအတွင်း တပြေဘူတ၊ ရေတမာ၊ မဟော်ဂနီ၊ မဲဇလီ၊ စိန်ပန်း၊ ပိတောက်စသည့် အပင်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရိပ် အာဝါသရရှိရေး လှုပ်ရှားဆောင်ရွက်ခြင်းအနေဖြင့်စိုက်ပျိုးခဲ့ကြပါသည်။သစ်ပင်များ စိုက်ခြင်း မပြုမီ မြေနေရာကြည့်ရှု့ခြင်း၊ မြေအမျိုးအစားနှင့်စိုက်ပျိုးမည့် သစ်ပင်များရွေးချယ်ရေး၊ မြေယာရှုခင်း landscape အကွက် … Read more
-
School Cum Shelter တည်ဆောက်နေမှုအား သွားရောက်စစ်ဆေး ကြည့်ရှု့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)နှင့် တာဝန်ရှိသူများသည် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာတွင် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်နေမှုအား (၆-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။ #sgg_jul2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသဏာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉) ရက်နေ့တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ဥရုချောင်းဘေး၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ဌာနဆိုင်ရာ(၂၀)ဦး၊ကြက်ခြေနီတပ်ဖွဲ့(၅၀)ဦး၊မီးသတ်(၅၀)ဦး၊ရဲတပ်ဖွဲ့(၃၀)ဦး၊ပြည်သူလူထု(၂၀)ဦး၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း(၂၀၀)ဦးတို့နှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_fld #kcn_jul2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ဆွမ်ဆီးကျေးရွာတွင် (၂၆-၆-၂၀၁၉)ရက်နေ့၌ ဦးဂွတ်လှေ၏ နေအိမ်မီးလောင်ပျက်စီးခဲ့မှု အတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၁၀၂,၁၀၀) နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ Family Kits (၁)စုံ၊ First Aid Kits (၁)စုံတို့ကို ဟားခါးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ တာဝန်ရှိသူများထံသို့ (၅-၇-၂၀၁၉)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ #ha_fir #chn_jul2019 … Read more









