လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့်အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဓနဝတီလမ်းတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘေးသင့်လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၁၀၀ိ/-)ကျပ်တိတိအား (၈-၇-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jul2019
===========
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)