ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးမှုသတင်း

ဇူလိုင်၇၊ ကယား
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပသော အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် အတူအရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် နည်းစနစ်ကျစေရန်အတွက် ပြည်သူများအကျိုးရှိစေမည့် လိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများရေးဆွဲရပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အစိုးရ၏ရက် (၁၀၀) စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဒေသနယ်ပယ်အသီးသီးရှိ လူငယ်များ၏ရပ်တည်မှုနှင့် ရသင့်ရထိုက်သော အခွင့်အရေးများကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ ယခုထွက်ပေါ်လာသောမူဝါဒ၌ လူငယ်များအတွက် ပြောင်းလဲ လာသော ခေတ်စနစ်များအပေါ်အခြေခံပြီး ကဏ္ဍ (၁၆) ရပ် ပါဝင်ရေးဆွဲထားပါကြောင်း၊ ကဏ္ဍ (၁၆) ရပ်ပေါ်မူတည်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ဦးစားပေးလုပ်ငန်းစီမံချက်များကို မိမိတို့ ဒေသနှင့်ကိုက်ညီအောင် ချမှတ်ရမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် လူငယ်ရေးရာမူဝါဒကို သေချာစွာ အချိန် ပေးလေ့လာစေလိုပါကြောင်း၊ အဆိုပါကိစ္စရပ်များကို လူငယ်များအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိလာအောင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များက ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနကလည်း ပူးပေါင်းတာဝန်ယူမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သဘာဝဘေးနှင့်ပတ်သက်၍ ကမ္ဘာ့ရာသီဥတုသည် ဖောက်ပြန်မှုများနှင့်ပြောင်းလဲမှုများ ဖြစ်ပေါ် နေသည်ကို ပြည်သူများအားလုံး သိရှိလက်ခံရန်လိုပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးဒဏ်ခံစားရမှုများ ပြင်းထန်လာပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများထိရောက်သော အကျိုးခံစားမှုများ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပရဟိတအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် ထိရောက်စွာချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊မြို့နယ် အဆင့်ဆင့်တွင်လည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုကော်မတီများတွင် လူမှုအဖွဲ့အစည်းများက ချိတ်ဆက်ပူးပေါင်းပါဝင်မှူရရှိစေရန် ဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များ၊ အကြံပြုချက်များ၊ သုံးသပ်ချက်များရယူနိုင်ရန်အတွက် ဗဟိုကော်မတီ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးပညာရှင် များပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ရရှိလာသောအကြံပြုချက်များကိုလည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲနေကြသူများ သာမက ပြည်သူများပါသိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင်ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး Disaster Alert Notification- DAN Applicationကိုရေးဆွဲဆောင်ရွက်ထားရှိပါကြောင်းနှင့် ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော အဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများ နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးပေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်အတွင်း သဘာဝဘေး များနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများ၊ လူငယ်ရေးရာကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများအား ပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးက Disaster Alert Notification (DAN) mobile application တွင်ပါဝင်သော သတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ သဘာဝ ဘေးအန္တရာယ်အတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်၊ စာဆောင်များ၊ မိုးလေဝသအခြေအနေသတင်းများ၊ ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှူစာရင်းများနှင့် ပြည်သူများကိုယ်တိုင် သတင်းပေးပို့နိုင်သော အချက်များအားရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ကယားပြည်နယ် လူငယ်ရေး ရာကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ရံပုံငွေခွဲဝေရရှိနိုင်ရေး၊ လူငယ်စင်တာတည်ထောင် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှူများ၊ လူငယ်ရေးရာကော်မတီတွင် လူငယ်အားလုံးပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက် လျက်ရှိပြီး၊ ပြည်သူများသာ တူညီမျှအကျိုးခံစားခွင့်ရရှိရေး ဆက်လက်အကောင်ကောင်ထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ကာ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: MSWRR

#hl1
#kyh_jul2019

Sign Up

Upcoming Events