လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ သီတာကုန်းကျေးရွာအုပ်စု၊ အင်းသုကျေးရွာနှင့် တော်ကလပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းကျေးရွာတို့၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၆) လုံးနှင့် ပြိုကျ နေအိမ် (၂) လုံးတို့မှ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁,၄၀၀/-) ကျပ်တို့အား (၈-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jul2019

Sign Up

Upcoming Events