Category Archives: News
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ရွှေတွင်းတူးကျေးရွာ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၆,၃၀၀/-)ကျပ်တို့အား (၈-၇-၂၀၁၉) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ … Read more
-
ကမ်းပါးပြိုကျ၍ ဖျက်သိမ်းပြောင်းရွှေ့ရသော နေအိမ်များအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုု မြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် (၈.၇.၂၀၁၉)ရက်နေ့(၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ လူနေအိမ်(၆) လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၈၁၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝိ/- )စုစုပေါင်း(၆၈၁၉၀ဝိ/-)ကျပ်အား (၈.၇.၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူ းနှင့် ဇယမကျေးရွာအုပ်ချုပ်ရေးမှူ းတို့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်အေး (ဖယ်ခုံ)ရှိ စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းတက်ရောက်သူများနှင့်တွေ့ဆုံမှုသတင်း
ဇူလိုင် ၈ နေပြည်တော် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖယ်ခုံမြို့ရှိရွှေပြည်အေး မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ပြုလုပ်လျက်ရှိသော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းသို့ တက်ရောက်နေသူများကို တွေ့ဆုံ အား ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းကရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ရွှေပြည်အေးမူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်ခဲ့ပြီးစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အမှန် … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ အောက်ထုံး ကျေးရွာ၌ (၆-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၉) ဦးနှင့် ဘုန်းတော်ကြီး ကျောင်းဆောင် (၁) ဆောင်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉,၉၀၀/-) ကျပ်တို့အား (၈-၇-၂၀၁၉) ရက်နေ့၊ … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ မတော့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ ဘေးသင့်ပြည်သူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ အား (၈-၇-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်ဦးစီးမှူးနှင့် အတူသက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _ jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ အမှတ် (၁၅) ရပ်ကွက်အတွင်း၌ (၇-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀/-) ကျပ်တို့အား (၈-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_jul2019
-
စက်လှေနစ်မြှုပ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့တွင် တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကြား ကလိန်တောင်မြစ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေနစ်မြှပ်ရာတွင် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀၀ဝိ/-)ကို ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၈-၇-၂၀၁၉)ရက်နေ့တွင် ကမ္ဘာ့ရတနာဘဏ်မှလည်းကောင်း၊ (၇-၇-၂၀၁၉)ရက်နေ့ ကျောက်ဖြူမြို့နယ် ကင်းချောင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကူးတို့စက်လှေနစ်မြှပ်ခဲ့ရာ သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀ဝိ/-)နှင့် ဆေးရုံတက်လူနာ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၁၀၀၀၀ဝိ/-)အား (၈-၇- ၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း အသီးသီးလွှဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_jul2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာ၌ (၆-၇-၂၀၁၉) ရက်နေ့ (၁၄း၄၅) အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ရာ ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်း (၁၀,၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီလေးကျေးရွာနှင့် နှောကုန်းကျေးရွာ၊ ထန်းဇင်လှကျေးရွာ အုပ်စု၊ ထန်းဇင်လှကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာ၊ ဂုံမင်းကျေးရွာအုပ်စု၊ ဂုံမင်းကျေးရွာတို့၌ (၅-၇-၂၀၁၉) ရက်နေ့၊ (၆-၇-၂၀၁၈) ရက်နေ့၊ (၇-၇-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅)၊ စုစုပေါင်းနေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၄၀) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ အသရာ်ကျေးရွာတွင် (၁.၇.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံး မှ ဘေးသင့်ပြည်သူစုစုပေါင်း(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၂,၆ဝဝ) ကျပ်အား (၈-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ဒုတိယဦးစီးမှူး နှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









