လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့တွင် တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကြား ကလိန်တောင်မြစ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေနစ်မြှပ်ရာတွင် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀၀ဝိ/-)ကို ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၈-၇-၂၀၁၉)ရက်နေ့တွင် ကမ္ဘာ့ရတနာဘဏ်မှလည်းကောင်း၊ (၇-၇-၂၀၁၉)ရက်နေ့ ကျောက်ဖြူမြို့နယ် ကင်းချောင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကူးတို့စက်လှေနစ်မြှပ်ခဲ့ရာ သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀ဝိ/-)နှင့် ဆေးရုံတက်လူနာ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၁၀၀၀၀ဝိ/-)အား (၈-၇- ၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း အသီးသီးလွှဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#rke_jul2019
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)